ကျေးဇူးတင်ရှိခြင်း

ကျွန်တော့ရဲ့ ဘလော့ဂ်ကိုလာလည်ကြတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်ဗျာ...ဝေဖန်အကြံပြုချက်များကိုလည်း လှိုက်လှဲစွာကြိုဆိုပါတယ်ခင်ဗျာ...။

Monday, October 7, 2013

Gtalk Chatbox တွင် မြန်မာစာမမြင်ရသူများအတွက်

ကျွန်တော်တို့ရဲ့ ကွန်ပျူတာထဲမှာ ZawGyi Font သွင်းထားသော်လည်း Gtalk ရဲ့ Chatbox ထဲမှာ မြန်မာစာမပေါ်ဘဲ အတုံးလေးတွေပဲပေါ်နေတာကို တော်တော်များများကြုံဖူးကြမှာပါ။ ဒီပြသနာကိုဖြေရှင်းဖို့အတွက်ကျွန်တော်သိသလောက်လေးပြောပြချင်ပါတယ်။

Step (1)--- ပထမဦးဆုံး IE Browser ကိုဖွင့်လိုက်ပါ။ အောက်ကပုံမှာပြထားတဲ့အတိုင်း Tools ကိုနှိပ်လိုက်ပါ။
အဲဒိကတစ်ဆင် Internet Options ကိုနှိပ်လိုက်ပါ။



Step (2)---ပေါလာတဲ့ Box ရဲ့ General Tab မှာ Font ကိုနှိပ်လိုက်ပါ။



Step (3)--- ပြီးတော့ Web Page Font မှာ ZawGyi One ကို ရွေးပြီး OK ကိုနှိပ်လိုက်ပါ။ အောက်က Box ကိုလည်း OK နှိပ်ပြီးပြန်ထွက်လိုက်ပါ။ ဒါဆိုရင်သူငယ်ချင်းတို့ရဲ့ Gtalk Chatbox မှာ မြန်မာလိုပေါ်သွားပါပြီး သူငယ်ချင်းတို့အားလုံးအဆင်ပြေပါစေ။

moeritheirum.blogspot.com

0 comments:

Post a Comment