This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

ကျေးဇူးတင်ရှိခြင်း

ကျွန်တော့ရဲ့ ဘလော့ဂ်ကိုလာလည်ကြတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်ဗျာ...ဝေဖန်အကြံပြုချက်များကိုလည်း လှိုက်လှဲစွာကြိုဆိုပါတယ်ခင်ဗျာ...။

Saturday, May 11, 2013

မံချားဘဝ

ဒီနေ့ခေတ်ကာလမှာ ကျွန်တော်တို့တတွေ လူကြီးကော၊ ကလေးပါဘာသာစကားတွေ သင်ကုန်ကြပါပြီ။ တစ်ချိုးဆိုဘာသာစကား နှစ်မျိုး၊ သုံးမျိုးကို တတ်ပါတယ်။ အဲလိုတတ်မြောက်သွားတဲ့သူတွေရှိသလို မတတ်ဘဲနဲ့ တတ်ခေါက်သွားရတဲ့သူတွေလည်းရှိပါတယ်။ ဒါဆိုသူတို့နှစ်ခုကြားမှာ ဘာခြားနားချက်တွေရှိနေလို့ပါသလဲ။ ဘာသာစကားတစ်ခုသင်တာ ဥာဏ်ကောင်းဖို့လိုသလားလို့ တွေးတောတတ်ကြပါတယ်။ ဥာဏ်ကောင်းတော့အရမြန်တာပေါ့ ဆိုတဲ့စကားတွေလည်း ကြားနေရပါတယ်။ ဒါတွေမှန်သလား မှာသလား ကျွန်တော်အမြဲဝေခွဲတယ်။

ဘာသာစကားတစ်ခုတတ်ဖို့ ပြောတတ်ဖို့က အဓိကပေါ့ဗျာ။ ဒါဆိုရင်သူပြောတာနားမလည်ဘဲနဲ့လည်း ကိုယ်ဘယ်လောက်ပဲပြောတတ်နေပါစေ ပြန်ပြောဖို့အဆင်ပြေပါ့မလား။ ရေးတတ်တာနဲ့ ဖတ်တတ်တာကတော့ ပညာပိုင်းဆိုင်ရာထဲပါသွားပြီပေါ့။ ဥာဏ်ကောင်းတဲ့သူပဲဖြစ်ဖြစ်၊ ဥာဏ်မကောင်းတဲ့သူပဲဖြစ်ဖြစ် ဘာသာစကားတစ်ခုကို ပြောတတ်ဖို့၊ နားလည်ဖို့လွယ်ပါတယ်။ ရေးတတ် ဖတ်တတ်တာကိုနောက်ထားပါ။ ပြောတတ်ဖို့နဲ့ သူများတာကိုနားလည်ဖို့ အဓိကအရင်လုပ်ရမှာပါ။ ဘာသာစကားတစ်ခုကိုတတ်ဖို့ ကျွန်တော်တို့ ငယ်ငယ်တုန်းက လ၀ကို ပြန်စဉ်းစားကြည့် ရအောင်ဗျာ။ ကျွန်တော်တို့မွေးကာစကတည်းက တတ်လာတဲ့ပညာဆိုလို့ ငိုတတ်တဲ့ ပညာတစ်ခုပဲရှိတယ်။ သုညမှာမှ အနှုတ်ပါပြနေတဲ့ အခြေအနေတွေနဲ့ အားလုံးစခဲ့ကြရတာပါ။ ဒါပေမဲ့ အသက်အရွယ် ကြီးလာတာနဲ့အမျှ နောက်ဆုံးသေဆုံးတဲ့အခါမှာတော့ သူတန်ဖိုးတွေက ပြသွားပါတယ်။ ထားပါ ဒါတွေက တစ်ယာက်ချင်းစီရဲ့စိတ်ထားတွေအပေါ်မှာလည်း မူတည်ပါသေးတယ်။

ကျွန်တော်တို့ တစ်နှစ်လောက်အထိ ဘာ ဘာစကားများပြောတတ်ပါသေးသလဲ။ ဘာမှမပြောတတ်သေးပါ။ အဲဒီမှာ သတိထားရမှာ တစ်ခုက ကျွန်တော်တို့ ငယ်ငယ်က ဒီစကားကို ငါတတ်ရမယ် တို့၊ အပြိုင်အဆိုင်စိတ်တို့ဆိုတာ အဲ့ဒီ တစ်နှစ်အရွယ်မှာ ဘာမှမရှိသေးဘူး။ ကျွန်တော်တို့ မိဘတွေ ဘေးပတ်ဝန်းကျင်ကလူတွေ ပြောတာတွေကို ကျွန်တော်တို့နားထဲမှာ အထပ်ထပ်အခါခါ နားထောင် ခဲ့ရတယ်။

" မီးလေးရေ သားသားရေ မံမံစားမယ် လာ လာ လာ " ဆိုတဲ့ စကားတွေကို နားထဲမှာ သံမှိုစွဲသလိုကို မရေမတွက်နိုင်အောင်ကြားရပါတယ်။ ဒီအချိန်မှာ ကျွန်တော်တို့တွေကလည်း ကိုယ့်ခံစားချက်ကို ထုတ်ဖော်ုပြောချင်လာတယ်။ ပါးစပ်ကကြိုးစားအားထုတ်မယ်။ ဘာအရင်ထွက်လာလဲ။ စဉ်းစားကြည့်လိုက်ပါဦး။

ဘာစကားမှ မထွက်သေးပါဘူး။ " ဘူး..ဘူး..ဘူး ဆိုတာပဲထွက်ပါသေးတယ်။ ဘူး.. ကိုအဆင့်ကိုကျော်လွန်ကာမှ သူတို့အမြဲပြောနေတဲ့ စကားတွေနဲ့ ကိုယ့်ခံစားချက်တွဲတတ်လာတယ်။ ဆာတယ်ဆိုတာကို မံမံနဲ့တွဲတတ်လာတယ်။
ဟော ဒီတော့ ထမင်းဆာရင်ဘာပြောမလဲ မံမံ...မံမံ ဒါမှမဟုတ် မံချား ဒီလောက်းပဲပေါ့။ ဒီ့ထက်မတတ်သေဘူးနော။ အဲဒီ့ မံချားပြောတာကို ဘယ်သူကများ " ဟဲ့ ကလေး နင်အသံထွက်မှားနေတယ်၊ စာကြောင်းကတိုနေတယ် " လို့ ဘယ်သူများ ကျွန်တော်တို့ကို အပြစ်တင်ဘူးသလဲ၊ ဘယ်သူများခေါက်ခဲ့ဘူးလို့လဲ။ ဒါပါပဲ ဒီမှာတင် အဖြေက ရှင်းနေပါပြီ။ မံချားပြောတတ်ပြီးဟေ့ဆိုလို့ကတော့ ကျန်တဲ့ စကားတွေပြောတတ်ဖို့ ပြောဖို့မခက်တော့ပါဘူး။

စာမတတ်တာသာရှိမယ်။ ဘာသာစကားပြောတတ်ဖို့၊ နားလည်ဖို့ကမခက်ပါဘူး။ လုပ်တဲ့ အလုပ်တိုင်းကိုပြော၊ ပြောတဲ့စကားတိုင်းကို နားထောင်တတ်ပါတယ်။ နှစ်နှစ် သုံးနှစ်ပေါ့။ အဓိက ကလေးတွေ့ရဲ့စိတ်ဓာတ်ခိုင်မာဖို့ပဲ။ သူတို့စိတ်ဓာတ်ခိုင်မာဖို့ ဆိုတာကတော့ လူးကြီးတွေရဲ့ အားပေးမှုခတ်များများလို အပ်ပါလိမ့်မယ်။ ဘာပဲလုပ်လုပ်ကလေးဆိုတာ ချီးကျူးတာကိုကြိုက်တဲ့၊ နှစ်သက်တဲ့သူတွေပါ။ သူတို့တွေရဲ့ဘ၀မှာ အောင်မြင်မှုရနိုင်ဖို့ဆိုတာ ကျွန်တော်တို့တွေ့ရဲ့အားပေးမှုတွေက အဓိကကျပါလိမ့်မယ်။

moeritherium

Monday, May 6, 2013

CPUZ Portable Software